ရေနံချောင်းမြို့နယ် ကံရွာ-နဂါး-ထနောင်းလှလမ်းပေါ်၌ Box Culvert တစ်စင်းပြုပြင်ခြင်းနှင့် မြေကာနံရံပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းပြီးစီးမှု စစ်ဆေး
************************************************************************
ရေနံချောင်း နိုဝင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု(ပြင်ထိန်း)ရန်ပုံငွေဖြင့် ကံရွာ-နဂါး-ထနောင်းလှ လမ်းပေါ်၌ Box Culvert တစ်စင်းပြုပြင်ခြင်းနှင့် မြေကာနံရံပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်း ပြီးစီးမှုကို နိုဝင်ဘာ ၂၆ရက်နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရေနံချောင်းမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်တာဝန်ခံအင်ဂျင်နီယာ(မြို့ပြ) ဒေါ်သီရိဖြိုးဝေဝင့်နှင့် တာဝန်ရှိသူများက ကံရွာ-နဂါး-ထနောင်းလှလမ်းပေါ်၌ Box Culvert တစ်စင်းပြုပြင်ခြင်းနှင့် မြေကာနံရံပြုပြင်ဆောင်ရွက်ခြင်း လုပ်ငန်းပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်တာဝန်ခံအင်ဂျင်နီယာ(မြို့ပြ)က ဆောင်ရွက်ပြီးလုပ်ငန်းအား ရေရှည်တည်တံ့အောင် ကျေးရွာမှဝိုင်းဝန်းထိန်းသိမ်းသွားကြရန် မှာကြားခဲ့သည်။
အဆိုပါ ကံရွာ-နဂါး-ထနောင်းလှလမ်းပေါ်၌ အရှည် ၂၄ပေ၊ အကျယ် ငါးပေ၊ အမြင့်ငါးပေရှိ Box Culvert တစ်စင်းပြုပြင်ခြင်းနှင့် မြေကာနံရံပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု(ပြင်ထိန်း)ရန်ပုံငွေကျပ် ၁၉ ဒသမ ၉သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက တာဝန်ယူ၍ ယခုနှစ် နိုဝင်ဘာ ၁၀ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
နော်လူး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်