Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တွံတေးမြို့နယ်၌ ကျေးလက်လမ်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး


27 Nov,2025

တွံတေး နိုဝင်ဘာ ၂၆

         ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ ဦးစီးအရာရှိ(မြို့ပြ)နှင့် တာဝန်ရှိသူများက နိုဝင်ဘာ ၂၄ ရက်တွင် ကြည့်ရှုစစ်ဆေးခဲ့သည်။

         အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာနေပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေး စသည့် လူမှုစီးပွားဘဝများ ပိုမိုမြင့်မား လာမည်ဖြစ်ကြောင်း သိရသည်။

မျိုးလှိုင် (တွံတေး)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်