ဘုတ်ပြင်း နိုဝင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် အုန်းတောကမ်းကျေးရွာအုပ်စုရှိ အုန်းတောကမ်း-နီပါး-ပါးစပ်ကုန်း-လိပ်ဥချောင်း ကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ)ဦးထွန်းဝေသည် ညွှန်ကြားရေးမှူး(မြို့ပြ)၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ ဦးစီးအရာရှိ(မြို့ပြ)နှင့် တာဝန်ရှိသူများက နိုဝင်ဘာ ၂၆ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အဆိုပါ အုန်းတောကမ်း-နီပါး-ပါးစပ်ကုန်း-လိပ်ဥချောင်း ကျေးရွာချင်းဆက် လမ်းခင်းခြင်းလုပ်ငန်း ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း ) ရန်ပုံငွေ ၁၄၁ ဒသမ ၂၄၄ ကျပ်သန်းဖြင့် အရှည်(ပ/၄ဒသမ၅) မိုင် အကျယ် ၁၄ ပေထု ၉ လက်မ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို တင်ဒါ စနစ်ဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီက တာဝန်ယူဆောင်ရွက် လျက်ရှိပြီး လုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်နှင့် အချိန်မီပြီးစီးရန် တာဝန်ရှိသူများအား မှာ ကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်