နေပြည်တော်၊ ဒီဇင်ဘာ ၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် ရောက်ရှိတာဝန်ထမ်းဆောင်ကြသည့် အရာထမ်း/အမှုထမ်းသစ်များအား ဌာန၏ မူဝါဒများ၊ လုပ်ငန်း စဉ်များနှင့်အတူ ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ စီမံကိန်းများကို သိရှိနားလည်သွားစေရန် ရည်ရွယ်၍ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ်(၂/၂၀၂၅)ကို ယနေ့ နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာနရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန် ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အရာထမ်း/အမှုထမ်း သစ်များ တက်ရောက်ကြသည်။
ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ ယခုသင်တန်းတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ ရွေးချယ်ခန့်အပ်ပေးထားသည့် အရာထမ်းသစ်များ၊ ဌာနမှ ခေါ်ယူရွေးချယ်ခန့်အပ် ထားသည့် ဒုတိယဦးစီးမှူးအဆင့် ဝန်ထမ်းသစ်များ နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်ကျောင်းဆင်း ဝန်ထမ်းသစ်များကို ဌာန၏ မူဝါဒများ၊ လုပ်ငန်း စဉ်များနှင့် ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများအကြောင်းကို သိရှိနားလည်းစေရန်အတွက် ဌာနသို့ ရောက်ရောက်ချင်း ယခုလို သင်တန်းဖွင့်လှစ် သင်ကြားပို့ချပေး ခြင်းဖြစ်ပါကြောင်း၊ ဌာနမှ ဝန်ထမ်းများသည် ရုံးလုပ်ငန်းများအပြင် နည်းပြတာဝန်များကိုပါ ထမ်း ဆောင်ကြရမည်ဖြစ်သည့်အတွက် ရုံးလုပ်ငန်းများကို ကျွမ်းကျင်စွာ တတ်မြောက်ကြရမည်ဖြစ်သလို နည်းပြတစ်ဦးပီသစွာ မိမိသင်ကြားပေးရမည့် ဘာသာရပ်များကို ကျွမ်းကျင်နေရန် လိုအပ်ပါကြောင်း၊ ထို့အပြင် အများပြည်သူများနှင့် ထိတွေ့ဆက်ဆံကြရာတွင်လည်း ဆရာတစ်အဖြစ် တာဝန်ထမ်း ဆောင်ကြရခြင်းဖြစ်၍ ဆရာ့ကျင့်ဝတ်များကို လိုက်နာကြရန်လည်း လိုအပ်ပါကြောင်း၊ ကျေးရွာများ သို့ ကွင်းဆင်းပြီး သင်တန်းဖွင့်လှစ်ရသည့်အချိန်မျာလည်း မိမိတို့ဌာန၏ ဆောင်ရွက်ချက်များကို ပြည်သူများသိစေရန် ချပြရှင်းလင်းပေးနိုင်အောင် ဌာန၏ တာဝန်များနှင့် လုပ်ငန်းဆောင်ရွက်ချက် များကို စုံစုံလင်လင်သိရှိထားကြရန်လည်း လိုအပ်မည်ဖြစ်၍ အားလုံးကို သိရှိအောင် ကြိုးစားသွားကြ ရန် လိုအပ်ပါကြောင်း၊ ထို့အပြင် ဝန်ထမ်းသစ်များအနေဖြင့် ကိုယ်ကျင့်တရားကောင်းမွန်ရမည်၊ စည်းကမ်းကောင်းရမည်၊ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိရမည်၊ စိတ်ရင်းစေတနာကောင်းရှိရမည်၊ ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်သည့် ဇွဲ၊ လုံ့လ၊ ဝီရိယရှိရမည်ဆိုသည့် ဝန်ထမ်းကောင်း တစ်ဦး အဓိကထားရှိရမည့် ခံယူချက်(၅)ချက်နှင့်လည်း ပြည့်စုံရန်လိုအပ်မည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းသို့ တက်ရောက်လာကြသော အရာထမ်း/အမှု ထမ်းသစ်များက တစ်ဦးချင်းမိတ်ဆက်ကြပြီး ညွှန်ကြားရေးမှူးချုပ်နှင့်အတူ အခမ်းအနားသို့ တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါ သည်။
ယခုဖွင့်လှစ်သော လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းကို ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၈ ရက်နေ့ အထိ ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ TဝT သင်တန်းများ ဖြစ်သည့် အခြေခံလျှစ်စစ်သံဂဟေဆက်နည်းပညာသင်တန်း၊ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်း၊ အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းမှုနည်းပညာသင်တန်း နှင့် တန်ဖိုးမြှင့် စားသောက်ကုန်/လူသုံးကုန်နည်းပညာသင်တန်းများကို စာတွေ၊ လက်တွေ့ သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်း သိရှိရပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်