Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဇီးကုန်းမြို့နယ်၌ နှစ်ပတ်လည်အရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


01 Dec,2025

ပဲခူး ဒီဇင်ဘာ  ၁

ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် သမဝါယမဦးစီးဌာနတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည့်ဝငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို  မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထို့နောက် အသင်းဥက္ကဋ္ဌ ဦးကျော်သူရ‌မောင်က အဖွင့်အမှာစကားပြောကြားရာတွင် အသင်း၏လုပ်ငန်းဆိုင်ရာကိစ္စရပ်များအား ပြောကြား၍ ဦးစီးအရာရှိ ဒေါ်သင်းမြတ်ရွှေစင်က အသင်းအားရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည်များကို ရှင်းလင်း ပြောကြားခဲ့ပြီး ပြည့်ဝငွေစုငွေချေး သမဝါယမအသင်းသားများရရှိမည့် စုဆောင်းငွေပေါ်အတိုးနှင့် အစုပေါ်အမြတ်များအား ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်