Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ညောင်လေးပင်မြို့နယ်၌ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ စည်းဝေး


28 Nov,2025

ပဲခူး နိုဝင်ဘာ  ၂၇

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်၌ မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ သဘာပတိ ဦးအောင်မြင့်က အမှာစကားပြောကြားပြီး ညောင်လေးပင်မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းထွေးက သမဝါယမဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများနှင့် အသင်းများ ဖွံ့ဖြိုးရေးအတွက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ညောင်လေးပင်မြို့နယ်သမဝါယမအသင်းလီမိတက်၏ အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများကို အုပ်ချုပ်မှုဒါရိုက်တာက ဖတ်ကြားတင်ပြပြီး သဘာပတိမှ အသင်းဝင်ကိုယ်စားလှယ်များ၏ အတည်ပြုချက်များကို ရယူကာ အသင်းဝင်၊ အသင်းသားများ၏ အစုပေါ်အမြတ်ငွေများကို ထုတ်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်