ပုလော ဒီဇင်ဘာ ၁
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့ အမှတ်(၅)ရပ်ကွက်ထိပ်တန်းရှင်သမဝါယမအသင်း အသင်းသားတောင်သူများ စိုက်ပျိုးထားရှိသည့် မှော်ဘီ(၃)စပါးစိုက်ခင်း ရိတ်သိမ်းမှု များကို ပုလောမြို့နယ် သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမိုးနှင့်တာဝန်ရှိသူ များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပုလောမြို့၊ အမှတ်(၅)ရပ်ကွက် ထိပ်တန်းရှင် သမဝါယမအသင်း တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၌ သမဝါယမကဏ္ဍ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုး လယ်ဧက ၁၁၆ ဧက ရှိပြီး မှော်ဘီ(၃) စပါးစိုက်ခင်း ရိတ်သိမ်းမှုတွင် တစ်ဧကပန်းတိုင် အတွက်နှုန်း (၁၀၂) တင်းထွက်ရှိကြောင်း မိုးစပါးစိုက်ပျိုးသူ အသင်းသားတောင်သူများထံမှ သိရသည်။
ပုလောမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် သမဝါယမကဏ္ဍ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ရွေဝါရင် အသင်း၊ ထိပ်တန်းရှင် အသင်း၊ ဇီဇဝါအသင်း၊ ရွှေဟင်္သာ သမဝါယမအသင်းများမှ အသင်းသား တောင်သူ ၄၀ ဦး ဦးဆောင်၍ မှော်ဘီ (၃) စပါးစိုက်ခင်း စိုက်ပျိုးဧက (၂၇၉) ဧကရှိကြောင်း ပုလောမြို့နယ် သမဝါယမဦးစီးဌာနမှ သိရှိရသည်။
အေးအေးမော်(ပုလော)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်