Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကြို့ပင်​ကောက်မြို့နယ် သရက်တပင်​ကျေးရွာ၌ VDP စီမံကိန်ဖြင့် ဂဝံ​မြေခင်းခြင်းလုပ်ငန်း ​ဆောင်ရွက်ပြီးစီးမှုကွင်းဆင်းစစ်​ဆေး


03 Dec,2025

ကြို့ပင်ကောက်မြို့နယ် သရက်တပင်ကျေးရွာ၌ VDP စီမံကိန်းဖြင့် ဂဝံမြေနီခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကွင်းဆင်းစစ်ဆေး

ကြို့ပင်ကောက် ဒီဇင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သရက်တပင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)၊ ကျေးရွာပြည်သူထည့်ဝင်ငွေတို့ဖြင့် ကျေးရွာတွင်းလမ်း ဂဝံမြေနီခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို  ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကြို့ပင်ကောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီသီအောင်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ သရက်တပင်ကျေးရွာ၌  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)၊ ကျေးရွာပြည်သူထည့်ဝင်ငွေတို့ဖြင့် ကျေးရွာတွင်းလမ်း  ဂဝံမြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လိုအပ်သည်များဖြည့်စွက် မှာကြားပါသည်။ 

အဆိုပါ သရက်တပင်ကျေးရွာ ကျေးရွာတွင်းလမ်း  အရှည် ၂၄၅၀ ပေ အကျယ် ၁၂ ပေ အမြင့် ခြောက်လက်မထု ဂဝံမြေနီခင်းခြင်းကို   ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၅၀ ၊ ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် ၆၃ ဒသမ ၇ သိန်း စုစုပေါင်းငွေကျပ် ၂၁၃ ဒသမ ၇ သိန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများမှ အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် ဇူလိုင်လ ဒုတိယအပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးဖြစ်ကြောင်းသိရသည်။

သန်းလွင်(မကွေး)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်