ပဲခူး ဒီဇင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် သမဝါယမ ကဏ္ဍမှ ဆောင်းဆီထွက်သီးနှံ(မြေပဲ)စိုက်ပျိုးရန်အတွက် မြို့နယ်သမဝါယမအသင်း အစီအစဉ်ဖြင့် ၁ ဧကလျှင် ကျပ်သုံးသိန်းနှုန်းနှင့်ညီမျှသော ဆင်းပဒေသာ ၁၁ ဗီယက်နမ်မျိုးများနှင့် သွင်းအားစု များကို ပံ့ပိုးဆောင်ရွက်ပေးထားသည့် အခြေခံသမဝါယမအသင်း ၁၅ သင်း၊ အသင်းသားတောင်သူ ၃၉၀ ဦး၏ ဆောင်းဆီထွက်သီးနှံ(မြေပဲ) စိုက်ဧက ၂၅၀၀ အနက်မှ လေးကြီးကျေးရွာ နေခြည်သစ် စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ စိုက်ဧက ၁၀၀ တွင် အသင်းသားတောင်သူ ဦးလှထွေး၏ မြေပဲစိုက်ခင်း၌ မြေပဲစိုက်ပျိုးနေမှုအား မြို့နယ်သမဝါယမဦးစီးဌာနမှနှင့် သမဝါယမအသင်းစုမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်