ပျဉ်းမနား ဒီဇင်ဘာ ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ သူဌေးကုန်းကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် သမဝါယမအသင်းစုပိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊သမဝါယမဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ပြည့်စိုးနှင့်တာဝန်ရှိသူများသည် ဘက်စုံခြံအတွင်း အစာတောင့်စက်ရုံတည်ဆောက်နေမှု အခြေအနေများနှင့် ရာသီသီးနှံများစိုက်ပျိုးရေးဆောင်ရွက်ထားရှိမ ှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က သူဌေးကုန်းကျေးရွာ၌ တည်ဆောက်လျက်ရှိသည့် တိရစ္ဆာန်အစာတောင့်စက်ရုံ စက်အထိုင်ချနေရာများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး တင်ပြထားသည့် Work Plan, Time Plan,Schedule များအတိုင်း သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီ အမြန်ဆုံးဆောင်ရွက်ပြီးစီးရေး အလေးထားဆောင်ရွက်သွားရန်နှင့် ဆောင်းသီးနှံ မတ်ပဲ-(၁၈)ဧက၊ ရွှေမျှင် ပြောင်း (၅)ဧက၊ ပန်းဂေါ်ဖီ (၁)ဧကတို့အား ရာသီအချိန်မှီ စိုက်ပျိုးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်၊ အသားတိုးကြက် အကောင် (၄၀၀၀)ဆံ့ခြံ အသစ်ပြန်လည်တည်ဆောက်နေမှုတွင် အစာခွက်၊ ရေခွက်များ ပြင်ဆင်ထားမှု များကို ကြည့်ရှုစစ်ဆေးပြီး ကြက်ပေါက်များအမြန်ဆုံး ထည့်သွင်းမွေးမြူနိုင်ရေး သက်ဆိုင်ရာ ကုမ္ပဏီနှင့်ချိတ်ဆက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရှိသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်