Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မောက်မယ်မြို့နယ်၌ ရှမ်းပြည်နယ် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းခြင်း၊ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အသစ်ရွေးချယ်တင်မြောက်ပွဲကျင်းပ


01 Dec,2025

မောက်မယ် ဒီဇင်ဘာ ၁

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် သမဝါယမအသင်းစု လီမိတက်၏ ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင် ဒါရိုက်တာအသစ်ရွေးချယ်တင်မြောက်ပွဲအခမ်းအနားကို မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်၊ ရှမ်းပြည်နယ်သမဝါယမအသင်းစုချုပ် (တောင်ကြီး) ဒါရိုက်တာ ဦးထိန်လင်းနှင့် ဦးစီးအရာရှိ ဒေါ်နန်းခင်မြင့်ထွေးတို့သည် မိုင်းပုတ်ကျေးရွာအုပ်စု၊ ခိုဆိုင်းကျေးရွာရှိ “ခိုဆိုင်း” စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက် မိုးစပါးစိုက်ပျိုးရေးလုပ်ငန်း၏ သွင်းအားစုပံ့ပိုးငွေ ကျပ်(၄၄)သန်းဖြင့် အသင်းသား(၃၇)ဦးတို့မှ စုပေါင်းစိုက်ပျိုးထားသည့် ရွှေရင်အေးမိုးစပါး(၂၂၀)ဧက စိုက်ခင်းအား သွားရောက်ကြည့်ရှုပြီး မြို့နယ်သမဝါယမဦးစီးဌာန၌ နံနက် ၉ နာရီတွင် ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ဒါရိုက်တာအသစ် ရွေးချယ်တင်မြောက်ပွဲ အခမ်းအနားကျင်းပရာ ပြည်နယ်အဆင့် ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ သဘာပတိပြည်နယ်ဦးစီးမှူးဦးကျော်မိုးတင့်က လမ်းညွှန်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် သမဝါယမအသင်းစုချုပ် (တောင်ကြီး) ဒါရိုက်တာ ဦးထိန်လင်းက ရှမ်းပြည်နယ် သမဝါယမအသင်းစုချုပ်၏ လုပ်ငန်းများရှင်းလင်းပြောကြားရာ ဦးစီးအရာရှိ ဒေါ်နန်းခင်မြင့်ထွေးက မောက်မယ်မြို့နယ် သမဝါယမအသင်းစု၏ လုပ်ငန်းကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ အမှုဆောင်ဒါရိုက်တာအသစ်(၅)ဦးအား ပြန်လည်ရွေးချယ်ခဲ့ရာ အသင်းဝင်များ အားလုံးက အတည်ပြုလက်ခံကြပြီး သဘာပတိရှေ့မှောက်တွင် သမဝါယမကတိသစ္စာခံယူကာ အခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းလိုက်ကြောင်း သိရသည်။

စိုင်းမျိုးသန့်

ရှမ်းပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်