ဘားအံ ဒီဇင်ဘာ ၃
ကရင်ပြည်နယ် ဘားအံမြို့နယ် ထုံးအိုင်စံပြကျေးရွာ ယုဇနလယ်ယာနှင့်အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်း(လီမိတက်)၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ထုံးအိုင်စံပြကျေးရွာအုပ်ချုပ်ရေးမှူး၌ ကျင်းပသည်။
ဦးစွာ အသင်းဥက္ကဋ္ဌ သဘာပတိ ဦးမင်းမြတ်စိုးက အမှာစကားပြောကြားပြီး ဘားအံမြို့နယ် သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်မျိုးမျိုးထွေးက သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အသင်းများ ဆက်လက်ရှင်သန်ဖွံ့ဖြိုးစေမည့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ရှင်းလင်းပြောကြားကာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အသင်းအမှုဆောင် ဒါရိုက်တာအဖွဲ့အစီရင်ခံစာနှင့်နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်း၊ အသင်းစာရင်းစစ် အစီရင်ခံစာများကို ဖတ်ကြားတင်ပြရာ တက်ရောက်လာကြသော အသင်းသားများကသဘောတူကြ သဖြင့် သဘာပတိကအတည်ပြုချက်ရယူခဲ့ပြီး တက်ရောက်လာသောအသင်းသားများအား အစုပေါ် အမြတ်ငွေများ၊ စုဆောင်းငွေပေါ်အတိုးများပေးအပ်ခဲ့သည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်