ထားဝယ် ဒီဇင်ဘာ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါး ရိတ်သိမ်းမှု အခြေအနေကို ကျွန်းစုမြို့နယ် သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ကျွန်းစုမြို့နယ် သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိက သမဝါယမအသင်းသား တောင်သူများ၏ မိုးစပါးရိတ်သိမ်းမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ကျွန်းစုမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်၊ သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသားတောင်သူ (၈၂) ဦး၏ မှော်ဘီ ၃ မိုးစပါးစိုက်ပျိုးထားသော ဧက (၄၃၀) မှ ဧက (၅၀) ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် စပါးအထွက်နှုန်း (၁၀၂) တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်