Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အုတ်တွင်းမြို့နယ်၌ ဆောင်းဆီထွက်သီးနှံ မြေပဲစိုက်ပျိုးထားရှိမှု အခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး


04 Dec,2025

အုတ်တွင်း ဒီဇင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ သမဝါယမဦးစီးဌာနမှ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်တွင် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဂွေးတောက်ခင်ကျေးရွာ၊ ရှမ်းစုစိုက်ပျိုး ရေးနှင့် အထွေထွေသမဝါယမအသင်းသားများက ဆောင်းဆီထွက်သီးနှံမြေပဲ စိုက်ပျိုးထားရှိမှုအခြေအနေများကို  တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ချောစုလှိုင်နှင့် အဖွဲ့သည် ဂွေးတောက်ခင်ကျေးရွာ၊ ရှမ်းစုစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသား(၃၂) ဦး၊ စိုက်ဧက(၁၆၀)ဧက ဆောင်းဆီထွက်သီးနှံ မြေပဲ စိုက်ပျိုးရှိမှုအခြေအနေ၊ ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်သွားရန်နှင့် လာမည့်နွေစပါးစိုက်ရာသီတွင် အထွက်နှုန်းကောင်းသည့် ရေဆင်းပေါ်ဆန်း (၁)နှင့် ရေဆင်းပေါ်ဆန်း(၂)တို့အား ပြောင်းလဲစိုက်ပျိုးရေး နည်းလမ်းကောင်းများအား ဆောင်ရွက်စေရေး တောင်သူများနှင့်တွေ့ဆုံ၍ လမ်းညွှန်မှာကြားခဲ့ပါကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်