ဖြူး ဒီဇင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းတွင် စီမံကိန်း ဆောင်းသီးနှံစိုက်ပျိုးထားမှု အခြေအနေများကို သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဒေါ်ချောစုလှိုင်နှင့် တာဝန်ရှိသူများ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ဆောင်းသီးနှံ မတ်ပဲ၊ ပဲတီစိမ်း၊ ဆီထွက်သီးနှံ မြေပဲစိုက်ပျိုးရန် မြေပြင်ထားမှုအခြေအနေများနှင့် သမဝါယမအသင်းသား ဦးမောင်ဆန်း စိုက်ပျိုးထားသည့် ဆောင်းသီးနှံ မတ်ပဲစိုက်ခင်းအား ကြည့်ရှုစစ်ဆေးပြီး အထွက်နှုန်းတိုးရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် သမဝါယမကဏ္ဍမှ ဆောင်းသီးနှံမတ်ပဲ (၃၄၂)ဧက၊ ပဲဒီစိမ်း(၂၀)ဧက၊ ဆောင်းမြေပဲ(၂၀)ဧက၊ ပိုက်ဆံလျှော် မျိုးစေ့ထုတ်(၃၀)ဧကနှင့် နွေစပါး(၁၀၀)ဧကတို့အား သမဝါယမအသင်းအစီအစဉ်ဖြင့် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်