ဇေယျာသီရိမြို့နယ် မွန်းတည့်ခွင်(မြောက်)ကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်းဖွင့်ပွဲကျင်းပ
*****************************************************************************************************
နေပြည်တော် ဒီဇင်ဘာ ၄
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်သံဂဟေ ဆက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၃ရက် နံနက်ပိုင်းက ကျည်တောင်ကျေးရွာအုပ်စု၊ မွန်းတည့်ခွင်(မြောက်)ကျေးရွာ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသင်းဦးက သင်တန်းဖွင့်အမှာစကားပြောကြာပြီး ဇေယျာသီရိခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဦးက လျှပ်စစ်သံဂဟေဆက် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဇေယျာသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်က သင်တန်းသားများထံ သင်ထောက်ကူပစ္စည်းများ လွှဲပြောင်းပေးအပ်ပြီး သင်တန်းနည်းပြဆရာက သင်တန်းစည်းမျဉ်းစည်းကမ်းများနှင့် သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းသို့ ဇေယျာသီရိမြို့နယ် မွန်းတည့်ခွင်(မြောက်)ကျေးရွာနှင့် မွန်းတည့်ခွင် (တောင်)ကျေးရွာမှ သင်တန်းသား ၂၀ဦးတက်ရောက်ကြပြီး သင်တန်းကို ဒီဇင်ဘာလ ၃ရက်မှ ၂၀၂၆ခုနှစ် ဇန်နဝါရီ ၁ရက်အထိ တစ်လကြာ အခမဲ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်၊၊
နော်လူး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်