တောင်တွင်းကြီးမြို့နယ် ကျွဲဖြူကန်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းဖြင့်တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများဆောင်ရွက်နေမှု စစ်ဆေး
တောင်တွင်းကြီး၊ ဒီဇင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျွဲဖြူကန်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းဖြင့်တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းကတာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျွဲဖြူကန်ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ချေးငွေစာချုပ်ပါအတိုင်း အမှန်တကယ်လုပ်ငန်းဆောင်ရွက်မှုရှိ၊မရှိကိုလည်းကောင်း၊ စာရင်းဇယားများဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်း ကောင်းကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျွဲဖြူကန်ကျေးရွာ၌ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၂၃ဦးကို ငွေကျပ် ၅၇၂သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၁၀ဦးကို ငွေကျပ် ၅၀သိန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ နှစ်ဦးကိုငွေကျပ် ၈သိန်း၊စုစုပေါင်းအသင်းသား၊ အသင်းသူ ၁၃၅ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၆၃၀သိန်းထိ ထုတ်ချေးပေးထားကြောင်း တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
နွဲ့ယဉ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်