ဝါးခယ်မ ဒီဇင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကြခတ်ကုန်းကျေးရွာအုပ်စု ပဆငမှ ကြခတ်ကုန်း - ကျောင်းစု - ကလ ကျေးရွာချင်းဆက်လမ်းပေါ်တွင်တည်ရှိသော ကြခတ်ကုန်းတံတားဖွင့်ပွဲကို ယနေ့ညနေ ၄ နာရီက ကျင်းပသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲခေါင်ထွန်းတို့က ကြခတ်ကုန်းတံတားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာသော ဧည့်သည်တော်များအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်က အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများက တံတားကို ဖြတ်သန်းကြည့်ရှု စစ်ဆေးကြသည်။
ကြခတ်ကုန်းတံတားသည် အရှည် ပေ ၆၀၊ အကျယ်ပေ ၂၀ ရှိ သံကူကွန်ကရစ်တံတားဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တံတားတည်ဆောက် ခြင်း(ပထမပိုင်း)ကို လည်းကောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် တံတားတည်ဆောက်ခြင်း(ဒုတိယပိုင်း)လုပ်ငန်းကို လည်းကောင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကြခတ်ကုန်းတံတား၏ စုစုပေါင်းတန်ဖိုးမှာ ကုန်ကျငွေ ကျပ်သန်း စုစုပေါင်း ၃၂၉ သန်းရှိခဲ့ပြီး ကျေးရွာ ၃၀၊ အိမ်ခြေ ၁၅၀၀ နှင့် လူဦးရေ ၅၂၅၀ တို့အတွက် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကုန်စည်ပို့ဆောင်ရေးတို့ကို များစွာ အထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။
လွှမ်းသီဟ(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်