Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝါးခယ်မမြို့နယ်၊ သမဝါယမအသင်းများမှ အသင်းသားတောင်သူများအား စိုက်ပျိုးရေးသွင်းအားစုများ ဖြန့်ဖြူးပေးအပ်ပြီး စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေး


05 Dec,2025

ဝါးခယ်မ ဒီဇင်ဘာ ၅

 ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ သဲကုန်းကျေးရွာအုပ်စုရှိ ဆီထွက် သီးနှံ(မြေပဲ) စိုက်ပျိုးထုတ်လုပ်သော သမဝါယမအသင်းများမှ အသင်းသားတောင်သူများအား စိုက်ပျိုးရေး သွင်းအားစုများ ဖြန့်ဖြူးပေးအပ်ပွဲကို သဲကုန်းကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ သမဝါယမဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးကျော်စိုးမင်းက သမဝါယမ အသင်းသားတောင်သူများနှင့် တွေ့ဆုံပြီး ဆီထွက်သီးနှံ(မြေပဲ) စိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်၍ စိုက်ပျိုးသွားမည့် အခြေနေများ၊ စိုက်ပျိုးထုတ်လုပ်မှု ကိစ္စရပ်များ၊တောင်သူများမှ သွင်းအားစုသုံးစွဲမှု တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး သဲကုန်းကျေးရွာအုပ်စုရှိ ဆီထွက်သီးနှံ(မြေပဲ) စိုက်ပျိုးထုတ်လုပ်သော ပေါင်းစည်းဝေဆာစိုက်/ထွေသမဝါယမအသင်းမှ အသင်းသားတောင်သူများအား စိုက်ပျိုးထုတ်လုပ်မှု စရိတ်နှင့် စိုက်ပျိုးရေးသွင်းအားစုများ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။

ထို့နောက် သဲကုန်းကျေးရွာ ကွင်းအမှတ် ၁၀၀၃၊ ဦးပိုင်အမှတ် ၃၂က/၂၊ အသင်းသားတောင်သူ ဦးအေးသိန်း၏ လယ်မြေ ၃ ဧကတွင် ဆီထွက်သီးနှံ(မြေပဲ)ထွန်ယက်စိုက်ပျိုးနေမှုအား သမဝါယမဦးစီး ဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အသင်းသားတောင်သူများက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

လွှမ်းသီဟ

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်