အိမ်မဲ ဒီဇင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျွဲလမ်း-ကမ်းနားထိန်ငူ လမ်း ကွန်ကရစ်ခင်းခြင်း(၀/၂.၂)မိုင် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ဒီဇင်ဘာ ၂ ရက်က သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှအင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေးက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
အဆိုပါလမ်းများဆောင်ရွက်ပြီးစီးပါက ကျေးရွာ ၅၆ ရွာ၊ အိမ်ခြေ ၅၂၃ အိမ်နှင့် လူဦးရေ ၆၀၈၅ ဦးတို့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန် လာမည်ဖြစ်ပြီး ကျေးရွာနေပြည်သူတို့၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွား ရေး၊ ကုန်စည်ပို့ဆောင်ရေးတို့ အဆင်ပြေချောမွေ့မည်ဖြစ်သည်။
အိမ်မဲ(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်