နေပြည်တော် ဒီဇင်ဘာ ၆
နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တာဝန်ခံ အင်ဂျင်နီယာများနှင့်အတူ ဒီဇင်ဘာ ၅ ရက်က ဒက္ခိဏသီရိမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဒက္ခိဏသီရိမြို့နယ် ဂွေးတောက်ရိုးကျေးရွာနှင့် ဆည်စု-အောင်မင်းကျေးရွာချင်းဆက်လမ်း ပြန်လည်ပြုပြင်တည်ဆောက်နေမှုကို ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်က လမ်းပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး၊ အချိန်မီပြီးစီးစေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်