ပုသိမ် ဒီဇင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု အထွေထွေပိုလျှံရန်ပုံငွေ(GRF)ဖြင့် ဌာနမှ တာဝန်ယူဆောင်ရွက်သော ရွှေမြင်တင်ကျောင်းလမ်း ကတ္တရာခင်းခြင်း(၀/၅.၅မိုင် x ၁၂ ပေ x ၉ လက်မ)လုပ်ငန်းအား ဒီဇင်ဘာ ၅ရက်က တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးသည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေးက ကွင်းဆင်းစစ်ဆေးခဲ့ရာ ပုသိမ်မြို့နယ် ဦးစီးအရာရှိ(မြို့ပြ) စဟိန်းလင်းဇော်က လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးကာ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်နှင့် အရည်အသွေးပြည့်မီစွာဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
မေချို
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်