ကော့သောင်း ဒီဇင်ဘာ ၇
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ရှိ ရှစ်ကွင်းကျေးရွာအဝင်လမ်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံ ငွေကျပ် သန်း ၁၈၄ ဒသမ ၅၆၀ ဖြင့် ရှစ်ကွင်းကျေးရွာအဝင် လမ်းမိုင် (၁/၇)မိုင်ရှိသည့်အနက် မိုင်(၀/၀-၁/၀) ကြား မူလမြေသားလမ်း (၀/၆) မိုင်ကို ၂လက်မ-၄လက်မ ခွဲကျောက်ဖြင့် ၆ လက်မ ဒု ၁၄ ပေအကျယ် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ရှစ်ကွင်းကျေးရွာအဝင်လမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို စက်တင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်၊ ညွှန်ကြားရေးမှူး(မြို့ပြ)၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ မြို့နယ်တာဝန်ခံအင်ဂျင်နီယာနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ကော့သောင်း (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်