Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ထန်းတပင်မြို့နယ်၌ ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး


08 Dec,2025

ထန်းတပင် ဒီဇင်ဘာ ၇

     ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တိုင်းဒေသကြီး ရန်ပုံငွေဖြင့် တံတားတည်ဆောက်ရေး (ရုံးချုပ်)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အတွင်းရေကျော်-အမယ်ကြီးအို- စံချောင်းလမ်းပေါ်ရှိ အရှည် ၃၆ မီတာ ကွန်ကရစ်တံတား တည်ဆောက်ခြင်း လုပ်ငန်းကို ဒီဇင်ဘာ ၆ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

အရည်အသွေးပြည့်မီအောင် ဆောင်ရွက်

    ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(တည်ဆောက်ရေး) ဒေါက်တာထွန်းမြင့်အောင် နှင့် တာဝန်ရှိသူများက ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းကို သတ်မှတ်အရည်အသွေးပြည့်မီအောင် ဆောင်ရွက်သွားရန်၊ ကျေးလက်နေပြည်သူများ ကျန်းမာရေး၊ စီးပွားရေး ပိုမိုအဆင်ပြေချောမွေ့စေရေး သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်