ထန်းတပင် ဒီဇင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တိုင်းဒေသကြီး ရန်ပုံငွေဖြင့် တံတားတည်ဆောက်ရေး (ရုံးချုပ်)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အတွင်းရေကျော်-အမယ်ကြီးအို- စံချောင်းလမ်းပေါ်ရှိ အရှည် ၃၆ မီတာ ကွန်ကရစ်တံတား တည်ဆောက်ခြင်း လုပ်ငန်းကို ဒီဇင်ဘာ ၆ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အရည်အသွေးပြည့်မီအောင် ဆောင်ရွက်
ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(တည်ဆောက်ရေး) ဒေါက်တာထွန်းမြင့်အောင် နှင့် တာဝန်ရှိသူများက ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းကို သတ်မှတ်အရည်အသွေးပြည့်မီအောင် ဆောင်ရွက်သွားရန်၊ ကျေးလက်နေပြည်သူများ ကျန်းမာရေး၊ စီးပွားရေး ပိုမိုအဆင်ပြေချောမွေ့စေရေး သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်