Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြန်အောင်မြို့နယ်၌ ကျေးလက်လမ်းတံတား လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး


09 Dec,2025

မြန်အောင် ဒီဇင်ဘာ ၈

         ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေ၊ အထွေထွေပိုလျှံ(GRF)ရန်ပုံငွေတို့ဖြင့် ဆောင်ရွက်သည့် ကျေးလက်လမ်းတံတားလုပ်ငန်းများကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

       ထိုသို့စစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(နေပြည်တော်) အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ဇော်မင်း၊ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်နိုင်ဝင်းနှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာတို့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဇလုပ်ကြီး - ကြို့ပင်လမ်းပေါ်ရှိ ဇလုပ်ကြီးတံတား၊ တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ပဆင-ကညင်ငူ-ကြက်သွန်ခင်းလမ်းပေါ်ရှိ မမြဖောက်ချောင်းတံတားနှင့် ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေ (GRF)ဖြင့် ဆောင်ရွက်သည့် သပြေကုန်း - သဲဖြူ -ထူးကြီးလမ်းတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်