ဝါးခယ်မ ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်တွင် ပဆငမှ ကြာဖြူ-သဲကုန်းလမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် ကျောက်ခင်း ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၅ ရက်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေးက ကြည့်ရှုစစ်ဆေးသည်။
ပဆငမှ ကြာဖြူ - သဲကုန်းလမ်းကို ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေ ၁၃၉ ဒသမ ၄၃၅ သန်းဖြင့် လမ်းအရှည်(၀/၂)မိုင်၊ လမ်းအကျယ် ၁၂ ပေ၊ ခုနစ်လက်မဒု ရှိသော ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပြီးစီးပါက ကျေးရွာပေါင်း ၁၅ ရွာမှ လူဦးရေ ၃၆၇၅ ဦး၏ လူမှုစီးပွားဘဝများအား များစွာ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
လွှမ်းသီဟ(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်