Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးလက်လမ်းနှင့် သံကူကွန်ကရစ်တံတား တည်ဆောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


09 Dec,2025

မှော်ဘီ ဒီဇင်ဘာ ၇

                တိုက်ကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဂျိုးဖြူ- ပြည်လမ်းမကြီးမှ ကျီးပင်အင်း-သင်တောရိုးလမ်းအား မြေသားတာပေါင်ချဲ့၍ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် တိုက်ကြီး-လိမ္မော်ခြံ- ကိုင်းကွင်းကြီး ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ဂျိုးဖြူပိုက်လုံး ခုံးကျော်တံတားအား သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်း လုပ်ငန်းများကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

                 ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(တည်ဆောက်ရေး) ဒေါက်တာထွန်းမြင့်အောင် နှင့် တာဝန်ရှိသူများက ကျီးပင်အင်း- သင်တောရိုးလမ်းအား အကျယ် ၂၂ ပေရရှိရန် မြေသားတာပေါင်ချဲ့၍ အရှည် ၀/၀.၃၅ မိုင်၊ အကျယ် ၁၂ ပေ၊ ဒု ၇ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် တိုက်ကြီး- လိမ္မော်ခြံကိုင်းကွင်းကြီး ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ဂျိုးဖြူပိုက်လုံး ခုံးကျော်တံတားအား သံကူကွန်ကရစ် အရှည် ပေ ၃၀ တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေး ပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်