Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အသိပညာပေးသင်တန်းဆင်းပွဲသို့ တက်ရောက်မှာကြား


08 Dec,2025

နေပြည်တော် ဒီဇင်ဘာ ၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ သင်တန်းသား/ သူ (၁၆) ဦး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သင်တန်းသား/ သူ (၉) ဦး၊ စုစုပေါင်း သင်တန်းသား / သူ (၂၅) ဦးဖြင့် (၁၁-၁၁-၂၀၂၅) ရက်နေ့မှ (၂-၁၂-၂၀၂၅) ရက်နေ့ထိ (၁၅) ရက် ကြာ ဖွင့်လှစ်ပို့ချခဲ့သော ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အသိပညာပေး သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ သင်တန်းနည်းပြဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများ၊ သင်တန်း သားသင်တန်းသူများ တက်ရောက်သည်။

အဆိုပါသင်တန်းဆင်းပွဲတွင် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က လက်ရှိတာဝန်ထမ်းဆောင် နေကြသော ဝန်းထမ်းများ၏ အရည်အသွေး၊ စွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန်၊ ဘဏ္ဍာ ရေးစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ပြီး ဘဏ္ဍာရေးခေါင်းစဉ် အတိုင်း စနစ်တကျ လိုက်နာဆောင်ရွက်တတ်စေရန်၊ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများ အပြင် နိုင်ငံတကာစီမံကိန်းများကိုပါ အချိန်ကုန်သက်သာစွာ၊ အကျိုးရှိထိရောက်စွာ စီမံခန့်ခွဲ ကြီးကြပ်နိုင်ရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး သင်ယူလေ့လာခဲ့ရသည်များ၊ အပြန် အလှန်ဆွေးနွေးခြင်းများမှ ရရှိလာသည်များကို လက်တွေ့လုပ်ငန်းခွင်တွင် ထိရောက်စွာ အသုံးချရန် နှင့် ဆက်လက်ကြိုးစား လေ့လာသွားကြရန် တိုက်တွန်းမှာကြားပြီး အခမ်းအနားရုတ်သိမ်းခဲ့ ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်