နေပြည်တော်၊ ဒီဇင်ဘာ ၁၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက်ရန်ပုံငွေမှ သတင်းစာကြော်ငြာခေါ်ယူသည့် တည်ဆောက်ရေးလုပ်ငန်းများအတွက် နည်းပညာအဆိုပြုလွှာ စာအိတ် “A” နှင့် ကြော်ငြာ သင်ပုန်းဖြင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် ဈေးနှုန်းအဆိုပြုလွှာ စာအိတ် “B” ဖွင့်ဖောက် စစ်ဆေးခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ကျင်းပ ပြုလုပ်သည်။
အခမ်းအနားသို့ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီမှ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ နှင့် တင်ဒါတင်သွင်းသည့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ တက် ရောက်ကြပါသည်။
ဦးစွာ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌက အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အတွင်းဖြည့်စွက်ရန်ပုံငွေဖြင့် တည်ဆောက်ရေး လုပ်ငန်း(၁၆) မျိုးတို့အား ဆောင်ရွက်ရန် ခွင့်ပြုချက်ရရှိခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ဖြည့်စွက်ရန်ပုံငွေတွင် လျာထား ခွင့်ပြုချက်ရရှိပြီး တည်ဆောက်ရေးလုပ်ငန်း (၅)မျိုး Lot (၅)ခု အား ( ၂၀.၁၁.၂၀၂၅ မှ ၃.၁၂.၂၀၂၅) ရက်နေ့ထိ သတ်မှတ်ရက်ထက် (၁၄)ရက် ကြိုတင်၍ နိုင်ငံပိုင်သတင်းစာများဖြစ်သည့် မြန်မာ့ အလင်းနှင့် ကြေးမုံသတင်းစာတို့တွင် ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ခဲ့ပါကြောင်း၊ တင်ဒါ ကော်မတီဝင်များအနေဖြင့်လည်း ဖြည့်စွက်ဆွေးနွေးပေးစေလိုပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာ ရေးနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့် တင်ဒါခေါ်ယူဆောင်ရွက်ထားသည့် တည်ဆောက်ရေး လုပ်ငန်းတို့ အတွက် တင်ဒါလျှောက်လွှာတင်သွင်းသည့် ကုမ္ပဏီများအား ကျေးဇူးတင်ပါကြောင်းနှင့် တင်ဒါ အောင်မြင်ပါစေကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ အတွင်းရေးမှူးက နည်းပညာအဆိုပြုလွှာ ဖွင့်ဖောက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး နည်းပညာအဆိုပြုလွှာများ၊ ကြမ်းခင်းဈေးများ နှင့် ကုမ္ပဏီများ၏ ဈေးနှုန်းအဆိုပြုလွှာများအား ဖွင့်ဖောက်စစ်ဆေးကြသည်။
ဆက်လက်၍ တင်ဒါကော်မတီအဖွဲ့ဝင်များက ဆွေးနွေးတင်ပြကြပြီး တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ ဥက္ကဋ္ဌက အရည်အသွေး စစ်ဆေးဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်