နေပြည်တော် ဒီဇင်ဘာ ၈
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ၏ ဦးဆောင်မှု၊ China Foundation Rural Development (CFRD) ၏ ပံ့ပိုးမှုတို့ဖြင့် Panda Pack ၊ Sport Bag ၊ ဆိုလာ စာကြည့်မီးလုံးများ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ NFI Kit နှင့် ခြင်ထောင်များ ပေးအပ်ပွဲအခမ်းအနားများကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ မကျီးပင်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ နှင့် သစ်ဆိမ့်ပင်ကျေးရွာအုပ်စု၊ ကြွက်တောကျေးရွာတို့တွင် ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို မကျီးပင်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ ၌ ကျင်းပပြုလုပ်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ကျေးရွာဆိုင် ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးသိုက်စိုးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် သမဝါယမကဏ္ဍနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ်တကျ ထွန်းကားစေပြီး ကျေးလက်လူမှုစီးပွား စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်လာအောင် စီမံဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေ သကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ ရန်ပုံငွေများအပြင် နိုင်ငံတကာအလှူရှင်များ၊ မိတ်ဖက်နိုင်ငံ များ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၏ အကူအညီအထောက်အပံ့များ ရယူပြီး မူဝါဒ၊ လုပ်ငန်း စဉ်များနှင့်အညီ စနစ်တကျ ထိရောက်အကျိုးရှိအောင် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ရာဂိမုန်တိုင်းဒဏ်သင့် ညောင်ပင်သာကျေးရွာ ပြန်လည်ဖွံ့ဖြိုးရေးအတွက် စီမံကိန်းများ ချမှတ်ကာ ဦးစီးဌာနအချင်းချင်းပူးပေါင်း၍ သက်မွေးလုပ်ငန်းများ၊ သင်တန်းများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးအလိုက် အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊
ယခုအခါ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဌ၏ ဦးဆောင်မှု၊ China Foundation Rural Development (CFRD) ၏ ပံ့ပိုးမှုဖြင့် မကျီးပင်အထကအတွက် Panda Pack (၆၀) လုံး၊ Sport Bag (၅) ပုံးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှလည်း Non Food Item များ ၊ ခြင်ထောင်များ ထပ်မံလာရောက်လှူဒါန်းပေးခြင်း ဖြစ်ပါကြောင်း၊ ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများ၊ ကျေးရွာကော်မတီများနှင့် ကျေးရွာသူကျေးရွာသား များ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည် တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ကြရန်ဖြင့် တိုက်တွန်းမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက မကျီးပင်ကျေးရွာ အထက်တန်းကျောင်းအတွက် Panda Pack (၆၀) ခုအား ကျောင်းအုပ်ဆရာမကြီးထံသို့လည်းကောင်း၊ ညောင်ပင်သာကျေးရွာအတွက် NFI Kit (၂၃) စုံအား ကျေးရွာကိုယ်စားလှယ်ထံသို့လည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း က မကျီးပင်ကျေးရွာ အထက်တန်းကျောင်းအတွက် Sport Bag (၅) ခုအား ဒုတိယကျောင်းအုပ်ထံ သို့လည်းကောင်း၊ ညောင်ပင်သာကျေးရွာအတွက် ခြင်ထောင် (၂၃) လုံးအား ကျေးရွာကိုယ်စားလှယ် ထံသို့လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ကျေးရွာသူကျေးရွာသားများကိုယ်စား ကျေးရွာသား တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သစ်ဆိမ့်ပင်ကျေးရွာအုပ်စု၊ ကြွက်တောကျေးရွာသို့ သွားရောက်၍ ရွာဦးကျောင်းတိုက် တောင်တန်းသာသနာပြုဆရာတော် ဦးစိတ္တအား ဖူးမြော် ကြည်ညိုကန်တော့ကာ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ဓမ္မာရုံတွင် ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံခဲ့ရာ ဒုတိယဝန်ကြီးနှင့် နေပြည်တော်ကောင်စီဝင်တို့က အမှာစကား ပြောကြားကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးသိုက်စိုးက ကြွက်တောဘုန်းတော်ကြီးကျောင်းသို့ ဆိုလာ စာကြည့်မီးလုံး (၃၀) အား ကျောင်းဂေါပကအဖွဲ့သို့လည်းကောင်း၊ ကျေးရွာအလယ်တန်းကျောင်း (ခွဲ) အတွက် ဆိုလာစာကြည့်မီးလုံး (၆၀) အား ကျောင်းအုပ်ကြီးထံသို့လည်းကောင်း၊ နေပြည်တော် ကောင်စီဝင် ဦးဇေယျာလင်းက ကျေးရွာအိမ်ထောင်စုများအတွက် ဆိုလာစာကြည့်မီးလုံး (၁၇၀) အား ကျေးရွာကိုယ်စားလှယ်များထံသို့လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပြီး ကျေးရွာသူကျေးရွာ သားများကိုယ်စား ကျေးရွာသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်