Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ကျောင်းဆင်းဝန်ထမ်းများအတွက် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း ဖွင့်လှစ်


12 Dec,2025

ဒီဇင်ဘာ ၁၂

 သမဝါယမဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ကြမည့် ပြည်ထောင်စုတိုင်းရင်းသားလူငယ် များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ရန်ကုန်နှင့် စစ်ကိုင်းတို့မှ ကျောင်းဆင်းဝန်ထမ်း (၁၄)ဦးအား (၁-၁၂-၂၀၂၅)ရက်မှ (၁၂-၁၂-၂၀၂၅)ရက်ထိ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ ရုံးလုပ်ငန်း ကျွမ်းမှုသင်တန်းကို ဖွင့်လှစ်ပေးခဲ့သည်။

ယင်းသင်တန်းတွင် ဝန်ထမ်းများ သိသင့်သိထိုက်သော ဌာနခွဲများအလိုက် သမဝါယမလုပ်ငန်း ဆောင်ရွက်နေမှုများကို ညွှန်ကြားရေးမှူး ဦးမျိုးအောင်၊ ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းအေး၊ ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော်၊ ညွှန်ကြားရေးမှူး ဒေါ်သီသီမြတ်၊ ညွှန်ကြားရေးမှူး ဒေါ်ယုယုအေး နှင့် ညွှန်ကြားရေးမှူး ဦးဉာဏ်ဝင်းမောင်တို့ကလည်းကောင်း၊ စာရင်းပညာနှင့်ပတ်သက်၍ သိရှိနားလည် စေရန် စာရင်းရေး၊ စာရင်းကိုင်နှင့် စာရင်းစစ်ဆေးခြင်းဘာသာရပ်ကို လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်ကလည်းကောင်း သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းဆင်းပွဲတွင် ထူးချွန်သူများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်