Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဟင်္သာတမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ပြုလုပ်


15 Dec,2025

ဟင်္သာတမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ပြုလုပ်
‎ဟင်္သာတ ဒီဇင်ဘာ ၁၅‎ 
‎ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာနှစ်တွင်ဖြည့်စွက်ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့်  မြစိမ်းရောင် ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း နှင့် ကော်မတီဖွဲ့စည်းခြင်းကို စစ်ကုန်းကျေးရွာအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာ ဘက်စုံသုံး ခန်းမဆောင်၌ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်းသိရသည်။
‎        ရှေးဦးစွာ ဟင်္သာတမြို့နယ်ကျေးလက်ဒေသဖွံ့ဖြို့းတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း က မြစိမ်းရောင်ကျေးရွာစီမံကိန်းရည်ရွယ်ချက် နှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို မိတ်ဆက်ရှင်းလင်းပြောကြားပြီး မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုနန္ဒာအောင်က စီမံကိန်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
‎       ဆက်လက်၍ စီမံကိန်းတာဝန်ခံနှင့်ဝန်ထမ်းများက ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ ကျေးရွာတွင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ကဏ္ဍ အလိုက်ရှင်းလင်းဆွေးနွေးပြီး တက်ရောက်‌လာကြသော ရပ်မိရပ်ဖများ၊ကျေးရွာသူ၊ သားများက မြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့ဝင် ခုနှစ်ဦးကို အများသဘောဆန္ဒနှင့် အညီ မဲစနစ်ဖြင့် ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်းသိရသည်။
‎       
‎        ဟင်္သာတမြို့နယ်ကျေးလက်ဒေသဖွံ့ဖြို့းတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန်၊ တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်လုပ်ကိုင်ရန်၊ လိုအပ်သောငွေကြေးအရင်းအနှီး ရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် အကျုံးဝင်သောလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟင်္သာတမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ဆွေဆွေဝင်းထံမှသိရသည်။
‎    ဇင်မာ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်