Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘုတ်ပြင်းမြို့နယ် အေးချမ်းမြိုင်-၁ကျေးရွာ၌ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး


11 Dec,2025

ဘုတ်ပြင်းမြို့နယ် အေးချမ်းမြိုင်-၁ကျေးရွာ၌ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး

‎==================================

ဘုတ်ပြင်း     ဒီဇင်ဘာ      ၁၁

‎‎တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အေးချမ်းမြိုင်-၁ကျေးရွာ၌ တိုင်ဒေသကြီးရန်ပုံငွေဖြင့် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို တာဝန်ရှိသူများမှ ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြကြောင်းသိရသည်။

‎‎ထိုသို့ကွင်းဆင်းစစ်ဆေးရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်၊ ဘုတ်ပြင်းခရိုင်နှင့် မြို့နယ်အဆင့် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် ကျေးရွာရေ ကော်မတီဝင်များနှင့်အတူ အေးချမ်းမြိုင်-၁ကျေးရွာ၌ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက် နေမှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးကြပြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ကျေးရွာအုပ်ချုပ် ရေးအဖွဲ့များ၊ ကျေးရွာရေကော်မတီဝင်များနှင့်တွေ့ဆုံ၍ လက်ရှိရေသုံးစွဲမှုအခြေအနေများနှင့် ကျေးရွာ ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

‎‎ဘုတ်ပြင်းမြို့နယ် အေးချမ်းမြိုင်-၁ကျေးရွာ၌ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီး ရန်ပုံငွေကျပ် ၁၂ ဒဿမ ၁၄ သန်းဖြင့် ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ၍ ၂၀၂၅ ခုနှစ် စက်တက်ဘာလ ဒုတိယပတ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၉၀ ရာခိုင်နှုန်းခန့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများအားလုံး ရာနှုန်းပြည့် ပြီးစီးပါက အေးချမ်းမြိုင်-၁ကျေးရွာရှိ ကျေးရွာသူ/သားများနှင့် ကျွဲ၊ နွား တိရစ္ဆာန်များပါ သန့်ရှင်းသော သောက်သုံးရေကို လုံလောက်စွာရရှိမည်ဖြစ်ကြောင်း ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်