Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

"တောင်တွင်းကြီးမြို့နယ် ကုက္ကိုခွ(အရှေ့)ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ခြင်းနှင့် စီမံကိန်းလုပ်ငန်းအဖွဲ့ဖွဲ့စည်းခြင်းပြုလုပ်"


12 Dec,2025

"တောင်တွင်းကြီးမြို့နယ် ကုက္ကိုခွ(အရှေ့)ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ခြင်းနှင့် စီမံကိန်းလုပ်ငန်းအဖွဲ့ဖွဲ့စည်းခြင်းပြုလုပ်"

တောင်တွင်းကြီး၊ ဒီဇင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၅ - ၂၀၂၆ခုဘဏ္ဍာနှစ်တွင် ကုက္ကိုခွကျေးရွာအုပ်စု၊ ကုက္ကိုခွ(အရှေ့)ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်က ကျေးရွာမှ အများသဘောဆန္ဒနှင့်အညီ မဲစနစ်ဖြင့်ရွေးချယ်ထားသော လုပ်ငန်းအဖွဲ့ ဝင်များအနေဖြင့် ပရဟိတစိတ်ဖြင့်ကိုယ့်ကျိုးအတွက် မကြည့်ဘဲ ရပ်ရွာအကျိုး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊လစဉ်ဖြည့်သွင်းရမည့်စာရင်းဇယားများကို စနစ်တကျ ဖြည့်သွင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ် ချက်၊အကျိုးကျေးဇူးများနှင့် ဆောင်ရွက် မည့်လုပ်ငန်းစဥ်များကို ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံဝန်ထမ်းများက စီမံကိန်းလက်စွဲစာအုပ်ပါ လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့ဝင်များ၏ တာဝန်များ၊ရန်ပုံငွေထုတ်ချေးရာတွင် အကျုံးဝင်သော အသေးစားစီးပွားရေးလုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန် နှင့် တာဝန်ရှိသူများက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင် ခုနစ်ဦးကို အများသဘောဆန္ဒနှင့်အညီ အတည်ပြုရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။ နွဲ့ယဥ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်