Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သာပေါင်းမြို့နယ်အတွင်းရှိ လမ်း၊ တံတားလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


15 Dec,2025

သာပေါင်း ဒီဇင်ဘာ ၁၂

        ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် သာပေါင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ ဖြင့် တံတားတည်ဆောက်ရေးအဖွဲ့ (ရုံးချုပ်)က တာဝန်ယူဆောင်ရွက်နေသော ဂွေးတောက်ကွင်း ရွာလယ်တံတားတည်ဆောက်ခြင်းလုပ်ငန်းကို ယမန်နေ့က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) မှ အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေး ကွင်းဆင်းစစ်ဆေးသည်။

        ထိုသို့ စစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) တံတားတည်ဆောက်ရေးအဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာ-၂ (မြို့ပြ) ဦးဝေဖြိုးသူနှင့် မြို့နယ်မှတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးကာ သတ်မှတ် ကာလ အတွင်း အချိန်မီ ပြီးစီးအောင်ဆောင်ရွက်ရန်နှင့် သတ်မှတ်အရည်အသွေး ပြည့်မီစွာ ဆောင်ရွက်ရန်မှာကြားသည်။

           အဆိုပါတံတားဆောင်ရွက်ပြီးစီးပါက အကျိုးပြုကျေးရွာ ၁၀ ရွာ၊အိမ်ခြေ ၁၃၅၀၊ လူဦးရေ ၆၆၂၅ ဦးတို့အား အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်