မြစ်သား ဒီဇင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု (ပြင်ဆင်ထိန်းသိမ်းခြင်း) ရန်ပုံငွေဖြင့် ဌာနကတာဝန်ယူဆောင်ရွက် လျက်ရှိသော ၂၁ မိုင်လမ်းမှ တောင်တောကုန်း-ဂဠုန်ကန်လမ်း မြေသား ပြုပြင်ခြင်းနှင့် ကျောက်ရောမြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ဒီဇင်ဘာ ၉ ရက် မွန်းလွဲပိုင်းက ကျောက်ဆည်ခရိုင် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့်အတူ ခရိုင်၊ မြို့နယ် တာဝန်ခံအင်ဂျင်နီယာ များ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အဆိုပါ လမ်းပြုပြင်ဆောင်ရွက်ပေးခြင်းအားဖြင့် အကျိုးပြု ကျေးရွာသုံးရွာ၊ အိမ်ခြေ ၃၀၇ အိမ်၊ လူဦးရေ ၁၀၀၁ ဦး၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ကိစ္စ ရပ်များနှင့် ကျေးလက်ထုတ်ကုန်များ အပြန်အလှန် ရောင်းဝယ်ဖောက်ကားရေးတို့ကို များစွာအကျိုးပြုမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်