မြစ်သား ဒီဇင်ဘာ ၁၃
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) မှ အင်ဂျင်နီယာချုပ် ဦးလှခိုင်၊ မန္တလေးတိုင်းဒေသကြီးညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ ခရိုင်/မြို့နယ် တာဝန်ခံ အင်ဂျင်နီယာများသည် ယနေ့မွန်းလွဲပိုင်းက မြစ်သားမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုအထွေထွေ ပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ခရုတုတ်-လက်ပံပင်-ကျားမီးဆွဲ-ကလုံလမ်း ပျက်စီးနေမှုကို(၀.၀၀၅ ကီလိုမီတာ× ၄.၅၇မီတာ× ၁၀၀ မီလီမီတာ မြေသား တာပေါင် ပြုပြင်ခြင်းနှင့် ကျောက်ရော မြေခင်းပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
အဆိုပါခရုတုတ်-လက်ပံပင်- ကျားမီးဆွဲ - ကလုံလမ်းသည် ကျေးရွာ ခြောက်ရွာ၊ အိမ်ခြေ ၅၂၉ အိမ်၊ လူဦးရေ ၂၉၄၇ ဦး အသုံးပြု သွားလာနေသည့်လမ်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်