Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စဉ့်ကိုင်မြို့နယ်တွင် သမဝါယမအသင်းသားများ၏ မိုးစပါးရိတ်သိမ်းနေမှုအားကြည့်ရှု


17 Dec,2025

စဉ့်ကိုင်  ဒီဇင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် စီမံကိန်းတာဝန်ခံ၊ အသင်းသားတာဝန်ကျ၊ မြို့နယ်သမဝါယမအသင်းစုတို့သည် ဆောက်အင်းကျေးရွာ ဆောက်အင်းစိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း၊ သမဝါယမအသင်းမှ အသင်းသားဦးဇော်ဦး၏ ကွင်းအမှတ် ၃၅ ခ၊ ဦးပိုင်အမှတ် ၈၃/၁၀ လယ်မြေဧက(၃)ဧကတွင် ဧရာမင်း မိုးစပါး ရိတ်သိမ်းနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မြတ်ကြူနှင့်တာ၀န်ရှိသူများက ဆောက်အင်းစိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း၊ သမဝါယမအသင်းမှ အသင်းသားတောင်သူ (၃၉)ဦးနှင့် တွေ့ဆုံဆွေးနွေးပြီး မိုးစပါး(၁၅၀)ဧက စိုက်ပျိုးထားရှိမှုအပေါ် အသင်းသားတောင်သူများ အနေဖြင့် စပါးစိုက်ပျိုးချိန်နှင့် ရိတ်သိမ်းချိန်များတွင်အထွက်တိုးပြီး မျိုးကောင်းမျိုးသန့်များ တစ်ဆက် တစ်စပ်တည်း စိုက်ပျိုးနိုင်ရေး၊ (၁)ဧက ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်