Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စဉ့်ကိုင်မြို့နယ်တွင် သမဝါယမအသင်းသားများ၏ မိုးစပါးရိတ်သိမ်းနေမှုအားကြည့်ရှု


17 Dec,2025

စဉ့်ကိုင်  ဒီဇင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် စီမံကိန်းတာဝန်ခံ၊ အသင်းသားတာဝန်ကျ၊ မြို့နယ်သမဝါယမအသင်းစုတို့သည် ဆောက်အင်းကျေးရွာ ဆောက်အင်းစိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း၊ သမဝါယမအသင်းမှ အသင်းသားဦးဇော်ဦး၏ ကွင်းအမှတ် ၃၅ ခ၊ ဦးပိုင်အမှတ် ၈၃/၁၀ လယ်မြေဧက(၃)ဧကတွင် ဧရာမင်း မိုးစပါး ရိတ်သိမ်းနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မြတ်ကြူနှင့်တာ၀န်ရှိသူများက ဆောက်အင်းစိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း၊ သမဝါယမအသင်းမှ အသင်းသားတောင်သူ (၃၉)ဦးနှင့် တွေ့ဆုံဆွေးနွေးပြီး မိုးစပါး(၁၅၀)ဧက စိုက်ပျိုးထားရှိမှုအပေါ် အသင်းသားတောင်သူများ အနေဖြင့် စပါးစိုက်ပျိုးချိန်နှင့် ရိတ်သိမ်းချိန်များတွင်အထွက်တိုးပြီး မျိုးကောင်းမျိုးသန့်များ တစ်ဆက် တစ်စပ်တည်း စိုက်ပျိုးနိုင်ရေး၊ (၁)ဧက ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်