Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၁၂၁)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးမြို့တွင် သစ်ပင်စိုက်ပျိုးပွဲနှင့် သမဝါယမခြံထွက်ကြက်ဥလှူဒါန်းပွဲကျင်းပ


17 Dec,2025

မကွေး ဒီဇင်ဘာ ၁၆

မြန်မာ့သမဝါယမလုပ်ငန်းစတင်ခြင်း (၁၂၁)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ကြီးမှူး၍ ဒီဇင်ဘာလ ၁၃ ရက်နေ့က မကွေးမြို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ကလေးပြုစုရေးဌာနရှိ ဝန်ထမ်းနှင့်မိဘမဲ့ကလေးများအား သမဝါယမအသင်းစုချုပ်ခြံထွက်ကြက်ဥ (၂၅၅)လုံးနှင့် ကလေးအသုံးအဆောင်ပစ္စည်းများအား လည်းကောင်း၊ မကွေးမြို့ အောင်မေတ္တာ(က)ရပ်ကွက်နေ အိမ်ထောင်စု(၆၀)စု၏ မိသားစုဝင်များအား တစ်ဦးလျှင် ကြက်ဥ (၁၀)လုံးနှုန်းဖြင့် အလုံး(၆၀၀)အား ပေးအပ်လှူဒါန်းခဲ့သည်။

အလားတူ မြန်မာ့သမဝါယမလုပ်ငန်းစတင်ခြင်း (၁၂၁)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာန အသင်း ဝန်ထမ်းများမှ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် မကွေးမြို့နယ်  သမဝါယမအသင်းစု ဆီစက်ဝန်း အတွင်း နှစ်ရှည်ပင်နှင့် အလှမြက်စိုက်ခင်းများအား တိုင်းဒေသကြီး ဦးစီးမှူး ဦးမြင့်ဇော်ထွန်း၊ တိုင်းဒေသကြီးအသင်းစုချုပ် ဥက္ကဋ္ဌ၊ အသင်းစု ဥက္ကဋ္ဌနှင့် ဝန်ထမ်းများမှ စုပေါင်း၍ ဂုဏ်ပြုစိုက်ပျိုး ခဲ့ကြောင်း သိရှိရသည်။

မောင်ခိုင်မင်း (ပြန်ဆက်)

မကွေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်