Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပေါက်ခေါင်းမြို့နယ်၌ (၁၂၁)နှစ်မြောက် မြန်မာ့သမဝါယမစတင်ခြင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြုသောအားဖြင့် လမ်းခင်းလုပ်အားပေးပြုလုပ်


17 Dec,2025

ပေါက်ခေါင်း ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် ကျရောက်မည့် (၁၂၁)နှစ်မြောက် မြန်မာ့သမဝါယမစတင်ခြင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်းက လေးကြီးကျေးရွာ၌ စုပေါင်းလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်သမဝါယမ အသင်းစုမှ ဝန်ထမ်းများ၊ ကျေးရွာရှိ နေခြည်သစ် စိုက်ပျိုးရေးနှင့်အထွေထွေ အခြေခံသမဝါယမ အသင်းမှ အသင်းသားတောင်သူများနှင့် ရွာသူရွာသားများပူးပေါင်း၍ သဖန်းချိုကျေးရွာအုပ်စု၊ လေးကြီးကျေးရွာရှိ ရွာလယ်လမ်းမကြီးအား လမ်းခင်းလုပ်အားပေး ဆောင်ရွက်ခဲ့ပြီး ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြသူများအား ကောက်ညှင်းပေါင်းအကြော်စုံများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်