Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုးညိုမြို့နယ်၌ သမဝါယမဦးစီးဌာန နှစ်ပတ်လည်နေ့အကြို အလှူဒါနပြုလုပ်


17 Dec,2025

မိုးညို ဒီဇင်ဘာ ၁၆

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် ကျရောက်မည့် မြန်မာ့သမဝါယမစတင်ခြင်း (၁၂၁)နှစ်မြောက် သမဝါယမဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် သမဝါယမဦးစီးဌာနရုံး၌ အလှူဒါန‌ကောင်းမှုကုသိုလ်များ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တောရကျောင်းပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလ ခံယူ‌ဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော်က ပရိတ်တရား‌တော်များ ရွတ်ဖတ်ပူ‌ဇော်ခြင်းနှင့် တရားတော်များ ဟောကြား‌ချီးမြှင့်တော်မူခဲ့သည်။ ထို့နောက် မိုးညိုမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းအောင်ကျော် ဦးဆောင်၍ သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးတင်မြင့်နှင့် ဝန်ထမ်းများက သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း၍ ဖိတ်ကြားထားသော ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ကြွရောက်လာသူများအား အာဟာရဒါနများ ကျွေးမွေးလှူဒါန်းခဲ့‌ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်