ကျောင်းကုန်းမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ပြုလုပ်
=============================================================================
ကျောင်းကုန်း ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာနှစ်တွင်ဖြည့်စွက်ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင် ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း နှင့် ကော်မတီဖွဲ့စည်းခြင်းကို ပန်းတောရိုးကျေးရွာအုပ်စု၊ ပန်းတောရိုးအနောက်စုကျေးရွာ ဓမ္မာရုံ၌ ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြို့းတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါမြတ်မွန် က မြစိမ်းရောင်ကျေးရွာစီမံကိန်းရည်ရွယ်ချက်နှင့် စပ်လျဉ်းသည့် အကြောင်းအရာ များကို မိတ်ဆက်ရှင်းလင်းပြောကြားပြီး စီမံကိန်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြော ကြားသည်။ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရဲနိုင်မှ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ပတ်သက်၍ ကျေးရွာသူ၊သားများက စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြရန် ပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံနှင့်ဝန်ထမ်းများက ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ ကျေးရွာတွင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ကဏ္ဍ အလိုက်ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသော ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျေးရွာသူ၊သားများက မြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့ဝင် (၁၁)ဦးကို အများသဘောဆန္ဒနှင့် အညီ မဲစနစ်ဖြင့် ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်းသိရသည်။
ကျောင်းကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြို့းတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန်၊ တစ်နိုင်တစ်ပိုင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်လုပ်ကိုင်ရန်၊ လိုအပ်သောငွေကြေးအရင်းအနှီး ရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် အကျုံးဝင်သောလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျောင်းကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါမြတ်မွန် ထံမှသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်