မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာ၌ ဆိုလာရေတင်စနစ်စိုက်ပျိုးရေရရှိရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု ကွင်းဆင်းစစ်ဆေး
*********************************
မကွေး ဒီဇင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြေပြင်သာကျေးရွာ၌ သီးနှံများစိုက်ပျိုးရာတွင် စိုက်ပျိုးရေလုံလောက်စွာရရှိစေရေးအတွက် ဆိုလာရေ တင်စနစ်စိုက်ပျိုးရေရရှိရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်မြသက်ထွေး၊ မြို့သစ်မြို့နယ်ဦးစီးမှူး ဒေါ်မေသူအောင် နှင့် ဝန်ထမ်းများသည် မြေပြင်သာကျေးရွာ စိုက်ပျိုးရေအသုံးရေးကော်မတီဝင်များနှင့်အတူ ထုတ်လုပ်မှု စွမ်းအား ၃ ဒသမ ၃ ကီလိုဝပ်ရှိသော ဆိုလာစနစ်တည်ဆောက်ခြင်း၊ ဆိုလာပန့်တပ်ဆင်ခြင်းနှင့် ခြံစည်းရိုးအရှည် ပေ ၁၂၀ ကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် စိုက်ပျိုးရေထုတ်ယူသုံးစွဲမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ)က ဆိုလာရေတင် စနစ် ရေရှည်အသုံးပြုနိုင်ရေးအတွက် စိုက်ပျိုးရေအသုံးချရေးကော်မတီနှင့် တောင်သူများက ဝိုင်းဝန်း ထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာ၌ စိုက်ပျိုးရေအထောက်အကူပြု ဆိုလာရေတင်စနစ်တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၁၄ ဒသမ ၂၂ သန်းဖြင့် ဌာနမှတာဝန်ယူ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ခြင်း ကြောင့် ကျေးရွာရှိ တောင်သူများအတွက် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စိုက်ပျိးရေ လွယ်ကူစွာရရှိခြင်း၊ ဆိုလာစနစ် ဖြစ်သည့်အတွက် ရေစက်မောင်းနှင်ရာတွင် ဒီဇယ်ဆီဖိုးသက်သာခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမှ ကာကွယ်နိုင်ခြင်း၊ ရာသီချိန်အလိုက် အချိန်မီ ရေသွင်းနိုင်သည့်အတွက် သီးနှံများအထွက်တိုးခြင်း၊ ရာသီပေါ်သီးနှံများ ပိုမိုစိုက်ပျိုးလာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများစွာ ရရှိကြောင်း မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်