Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သနပ်ပင်မြို့နယ်တွင် ပန်းရံသင်တန်း ဆင်းပွဲ ကျင်းပ


17 Dec,2025

"သနပ်ပင်မြို့နယ်တွင် ပန်းရံသင်တန်း ဆင်းပွဲ ကျင်းပ"


 သနပ်ပင်၊ဒီဇင်ဘာ ၁၇

     ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသက်မွေးဝမ်းကျောင်းအထောက်အကူပြုပန်းရံသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
     ရှေးဦးစွာ သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းက သင်တန်းဆင်းအမှာစကားပြောကြားပြီးသင်တန်းဆိုင်ရာကိစ္စရပ်များနှင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ဆက်လက်ရှင်းလင်းပြောကြား သည်။
   ဆက်လက်၍ အခမ်းနားသို့တက်ရောက်လာကြသော တာဝန်ရှိသူများကအသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်းသို့တက်ရောက်သင်ယူခဲ့သောသင်တန်းသားများအားသင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြောင်း သိရသည်။အဆိုပါ သင်တန်းဆင်းပွဲ သို့ သနပ်ပင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသားဦးရေ ၂၀ဦးတက်ရောက်ပြီး ပန်းရံလုပ်ငန်းနှင့်ပတ်သက်သည့် ပညာရပ်များကို သင်တန်းနည်းပြဆရာများက  စာတွေ့၊လက်တွေ့ဖြင့်  ဒီဇင်ဘာ ၃ရက်နေ့မှ ဒီဇင်ဘာ ၁၇ရက်နေ့ထိ (၁၅)ရက်ကြာ အခမဲ့သင်ကြားပို့ချခဲ့ခြင်းဖြစ်ကြောင်း သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်