ပျဉ်းမနား ဒီဇင်ဘာ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ သူဌေးကုန်းကျေးရွာရှိ မြို့နယ် သမဝါယမအသင်းစုပိုင် ဘက်စုံခြံတွင် ဆောင်းဆီထွက်သီးနှံဖြစ်သည့် ရှရုားနေကြာ မျိုးစေ့ချ စိုက်ပျိုးခြင်းကို ဒီဇင်ဘာ ၁၄ ရက်နေ့နံနက်ပိုင်းက ဆောင်ရွက်ကြသည်။
အဆိုပါ ရှရုားနေကြာမျိုးစေ့ချစိုက်ပျိုးခြင်းကို ပျဉ်းမနားမြို့နယ် သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစန်းလွင်သည် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုအားပေးပြီး စိုက်ပျိုးရေး ဆိုင်ရာနည်းပညာကူညီပေးနေသည့် ကျွမ်းကျင်သူများနှင့်ပူးပေါင်း၍စိုက်ပျိုးသည့် ဆောင်းဆီထွက် သီးနှံ ရုရှားနေကြာများ အောင်မြင်ဖြစ်ထွန်းပြီး သတ်မှတ်ထားသည့် ပန်းတိုင်အထွက်နှုန်းရရှိရေး အတွက် လိုအပ်သည့်သွင်းအားစုများကို စနစ်တကျထည့်သွင်းရေး၊ သီးနှံ ဖျက်ပိုး/ရောဂါများ ကျရောက်မှုမရှိစေရေး၊ ပေါင်းမြက်များမရှိစေရေး၊ ရေလိုအပ်မှုပေါ်မူတည်၍ အပင်သက်တမ်း တလျောက်ပေးသွင်းနိုင်ရေး အလေးထားဆောင်ရွက်သွားကြရန် မြို့နယ်သမဝါယမအသင်းစု တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်