Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘုတ်ပြင်းမြို့နယ်၌ ကွန်ကရစ်တံတားတည်ဆောက်နေမှု ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး


18 Dec,2025

ဘုတ်ပြင်း ဒီဇင်ဘာ ၁၇

       တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ် အုန်းတောကမ်းကျေးရွာတွင်းလမ်းပေါ်ရှိ ပေ၂၀ ကွန်ကရစ်တံတားတည်ဆောက် နေမှုအခြေအနေများကို ဒီဇင်ဘာလ  ၁၇ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးကြသည်။

    ထိုသို့စစ်ဆေးရာတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က ညွှန်ကြားရေးမှူး(မြို့ပြ)၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် ဘုတ်ပြင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးပန်သုမောင်က အုန်းတောကမ်း ကျေးရွာတွင်း လမ်းပေါ်ရှိ ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြ၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လိုအပ်သည်များမှာ ကြားသည်။

        အဆိုပါ အုန်းတောကမ်းကျေးရွာတွင်း လမ်းပေါ်ရှိ ကွန်ကရစ်တံတား အရှည်ပေ ၂၀ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေကျပ် သန်း ၁၄၀ အသုံးပြု၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အင်ဂျင်နီယာစုဖွဲ့မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ကိုလှိုင်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်