နေပြည်တော်၊ ဒီဇင်ဘာ ၁၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ဌာန၏ မျှော်မှန်းချက်များ၊ လုပ်ငန်းတာဝန်များ၊ မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့်အတူ ဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများကို သိရှိနားလည်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော အရာထမ်း/အမှုထမ်းဝန်ထမ်းသစ်များ လုပ်ငန်းခွင်ဝင်သင်တန်းဆင်းပွဲ အခမ်းအနား ကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးဌာနရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိညွှန်ကြားရေးမှူးချုပ်(စီမံ)၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား များ တက်ရောက်ကြပါသည်။
ဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)က အဖွင့်အမှာစကားပြောကြားရာ ယခုဖွင့်လှစ် လုပ်ငန်းခွင်ဝင်သင်တန်းတွင် သင်တန်းသားများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ပြီးဖြစ်သောကြောင့် ဌာနအကြောင်းများကို အားလုံးမဟုတ်သော်လည်း ခြုံငုံသိရှိ ပြီးဖြစ်၍ မိမိတို့ တာဝန်ကျရာ နေရာအသီးသီး၌ လက်တွေ့လုပ်ငန်းခွင်များတွင် အထိုက်အလျောက် ပြန်လည် အသုံးချနိုင်မည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းမှ ပို့ချပေးခဲ့သည့် သင်ခန်းစာများကို ခြုံငုံသိရှိနားလည်ပြီး လက်တွေ့ဆောင်ရွက်ရာတွင် လက်တွေ့နှင့်စာတွေ့ပေါင်းစပ် ဆောင်ရွက်ကြ ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် လုပ်ငန်းခွင်တွင် လိုအပ်သည့် အသိပညာ၊ အတတ် ပညာများကိုလည်း စဉ်ဆက်မပြတ် ဆက်လက်လေ့လာ ဆည်းပူးသွားကြရန် မှာကြားလိုပါကြောင်း၊ ယခု သင်တန်းအတွက် ဘာသာရပ်အလိုက် ထူးချွန်ဆုများ ပေးအပ်ရာတွင်လည်း သင်ခန်းစာများ အပေါ် စိတ်ပါဝင်စားပြီး ကြိုးစားဖြေဆိုသူများ၊ နည်းပညာရပ်ဆိုင်ရာ သင်တန်းများတွင် ရေးဖြေစစ် ဆေးခြင်းအပြင် အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုနှင့် လက်တွေ့ ဆန်းစစ်မှုများကို ဆောင်ရွက်ရာတွင် တီထွင်ဆန်းသစ်လုပ်ဆောင်နိုင်မှုများအပေါ် အကဲဖြတ်၍ ထူးချွန်ဆုများကို စိစစ်ရွေးချယ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် အထူးအလေးအနက်ထား မှာကြားလိုသည်မှာ လုပ်ငန်းခွင်တွင် စည်း ကမ်းရှိရှိနှင့် ကိုယ်ကျင့်သိက္ခာတရားကို ထိန်းသိမ်းပြီး လုပ်ဆောင်သွားကြရန်၊ လုပ်ငန်းတာဝန်များ ကို အဂဓိတရားကင်းရှင်းစွာ ဆောင်ရွက်ကြရန်နှင့် သင်တန်းဆင်းပြီးချိန်တွင်လည်း စဉ်ဆက်မပြတ် စွမ်းအားရှိသလောက် ဆက်လက် ကြိုးစားဆောင်ရွက်ခြင်းဖြင့် ဌာန၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင် ရည်ကို မြှင့်တင်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)ကအရာထမ်း/အမှုထမ်းဝန်ထမ်းသစ်များ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၂/၂၀၂၅) ထူးချွန်ဆုနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီး မြှင့်ပြီး၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများက သက်ဆိုင်ရာ ဘာသာများရပ်အလိုက်၊ သင်တန်းများ အလိုက် ထူးချွန်ဆုများကို အသီးသီးပေးအပ် ချီးမြှင့်ကြသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ)နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက သင်တန်းဆင်းထုတ်ကုန်ပစ္စည်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်