ကျောက်တံခါး ဒီဇင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြို့နယ် သမဝါယမအသင်းစုအစီအစဉ်ဖြင့် ဆောင်ရွက်သော ဆောင်းသီးနှံ(မြေပဲ) စိုက်ပျိုးနေမှုအား မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုခဲ့သည်။
ထို့သို့ ကွင်းဆင်းကြည့်ရှု့ရာတွင် ဆောင်းသီးနှံ(မြေပဲ)ကို တစ်ဧကလျှင် သုံးသိန်းနှုန်းဖြင့် ညီမျှသော မျိုးနှင့် သွင်းအားစုများ ပံ့ပိုးဆောင်ရွက်လျက်ရှိရာ ခင်ကြီးကျေးရွာ အုပ်စု၊ ခင်ကြီးရှမ်းစု စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းလီမိတက်မှ အသင်းသား တောင်သူ ဦးချစ်ဆိုင်၏ စိုက်ပျိုးနေသည့် ဗီယက်နမ်မြေပဲမျိုးများစိုက်ပျိုးနေမှုကို မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေယုဝါလှိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်