Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မကွေး)မှ ကျောင်းသား/ကျောင်းသူများ ရှားပင်လှစိုက်ပျိုး မွေးမြူရေးဇုံအတွင်း ကွင်းဆင်း


20 Dec,2025

မကွေး ဒီဇင်ဘာ ၁၉

 မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ သမဝါယစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်း ကျောင်း(မကွေး)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများဦးဆောင်၍ သင်တန်းသား/ သင်တန်းသူများဖြင့် ရွှေတင်တူးစိုက်ပျိုးမွေးမြူရေးဇုံအတွင်းရှိ ဥစားကြက် မွေးမြူရေးခြံများသို့ ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့သည်။

 အဆိုပါ လေ့လာရေးဆောင်ရွက်တွင် မကွေးမြို့ရှိ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေး ပညာသင်တန်းကျောင်း(မကွေး)မှ ပထမနှစ်၊ ဒုတိယနှစ် သင်တန်းသား/သင်တန်းသူ (၁၀၂)ဦးတို့က စာရင်းရေး၊ စာရင်းကိုင်သင်ခန်းစာများကို လက်တွေ့ကွင်းဆင်းဆောင်ရွက်သည့်အနေဖြင့် မကွေးခရိုင်၊ ရှားပင်လှကျေးရွာအုပ်စု ရွှေတင်တူး စိုက်ပျိုးမွေးမြုရေးဇုံရှိ သမဝါယမအသင်းများပိုင် ဥစားကြက် မွေးမြူရေးခြံ (၆)ခြံသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ ဦးဆောင်ပြီး သမဝါယမ အသင်းစာရင်းများအား လက်တွေ့စစ်ဆေးကြည့်ရှုခြင်း၊ လေ့လာမှတ်သားခြင်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများက သမဝါယမအသင်းများ၏ စာရင်းဇယားများ၊ ရည်မှန်းချက်များ၊ ဆောင်ရွက်နေသည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

မောင်ခိုင်မင်း(ပြန်ဆက်)

မကွေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်