မြို့သစ်မြို့နယ် သားမျှား-(လေးတိုင်စင်-နေပြည်တော်-မြို့သစ်-ကံပြား)လမ်းအားကျောက်ရောမြေခင်းခြင်း လုပ်ငန်းပြီးစီးမှု စစ်ဆေး
************************************************************************
မြို့သစ် ဒီဇင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး(ပြင်ထိန်း)ရန်ပုံငွေဖြင့် သားမျှား-(လေးတိုင်စင်-(နေပြည်တော်-မြို့သစ်-ကံပြား)လမ်းအား ကျောက်ရောမြေခင်းခြင်းလုပ်ငန်း ပြီးစီးမှုကို ဒီဇင်ဘာ ၂၁ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်တာဝန်ခံအင်ဂျင်နီယာ(မြို့ပြ) ဒေါ်လဲ့လဲ့ခိုင်နှင့် အင်ဂျင်နီယာဝန်ထမ်းများက သားမျှား-(လေးတိုင်စင်-(နေပြည်တော်-မြို့သစ်-ကံပြား)လမ်းအား ကျောက်ရောမြေခင်း၍ ပြန်လည်ပြုပြင် ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
အဆိုပါ အရှည်ပေ တစ်မိုင်၊ အကျယ် ၁၈ပေ၊ ထု လေးလက်မရှိ သားမျှား-(လေးတိုင်စင်-(နေပြည်တော်-မြို့သစ်-ကံပြား)လမ်းအား ကျောက်ရောမြေခင်း၍ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး(ပြင်ထိန်း)ရန်ပုံငွေကျပ် ၁၉ ဒသမ ၉သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ယခုနှစ် ဩဂုတ် ၁၄ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်